မျက်ဝန်းလှလှလေးရေ ..
..ဟောဒိ ကမ္ဘာပေါ်မှာ
ငါဟာ ..
မင်းမျက်ဝန်းလေးနဲ့
မဆုံစည်းခဲ့ကြရရင်
ငါ့ရင်ဘတ်လေးက
မင်းကိုချစ်ခဲ့မိမှာမဟုတ်ဖူး
တစ်သက်တာပြန်နုတ်ခွင့်မရှိတော့တဲ့
အချစ်ဆိုတဲ့ဆူးလေးတွေကငါ့ရင်ထဲမှာ
ကလေးရေ ..
မိုးတွေပဲရွာရွာ ..
နှင်းတွေပဲကျကျ ..
သစ်ရွက်တွေပဲကြွေကြွေ ..
မင်းရဲ့အနီးဆုံးလူဖြစ်ခွင့်မရှိခဲ့ပေမယ့်
ငါဟာ ..
မင်းနဲ့အဝေးဆုံးမှာလဲ
မနေရဲခဲ့သူဆိုတာကို
ငါ့ မျက်ဝန်းလေးတွေထဲမှာ
ဝှက်ထားလို့မရခဲ့ဖူး …။
No comments:
Post a Comment