အူဝဲ..အူဝဲ..ဆိုတဲ့
ငိုသံလေးနဲ့စတင်ခဲ့တဲ့
အဲဒိရှင်သန်ခြင်း..မှာ
ဘုရာသခင်ရယ်
အဖေရယ်..အမေရယ်
အဲဒိကျေးဇူးတော်ကိုရင်ထဲမှာ
တစ်သက်တာဆေးမင်ထိုးထားခဲ့ပြီးပြီ..
ကြွေးဟောင်းကိုဆပ်ခွင့်မသာသေးသလို
အတိုးအရင်းများလှတဲ့
ကြွေးသစ်ရက်စွဲတွေထဲမှာ…
Happy Birthday
! ဆိုတဲ့သင်္ကေတလေးကို
ရွက်ဆုတ်ပြက္ခဒိန်လေးလို
တဖြုတ်ဖြုတ်..လွှတ်ချဖြစ်ခဲ့လိုက်တာ
လမ်းတွေဟာ…
ခင်မင်စရာကောင်းခဲ့သလို
ပုထုဇဉ်အခင်းအကျင်းထဲမှာ
လောကဟာ..
သမုဒယဟာ..
အချစ်ဟာ..
အရာရာဟာ..
ငတ်မပြေတဲ့ရေတစ်ခွက်လို
အဲဒိလူရင်ထဲကို
ပူးကပ်စီးမျောပျံသန်းနေလိုက်တာ..
မိုးပျံပူဖောင်းလေးတွေဖောင်းခနဲပေါက်ကွဲသံတွေနဲ့အတူ
အဲဒိလူကျင်းပခဲ့တယ်
မွေးနေ့ဆိုတဲ့
ကမ္ဘာဦးကတည်းကချစ်စရာအမည်နာမလေးကို..။ ။
×××
No comments:
Post a Comment