ဖွင့်ထားတဲ့တံခါးလေးတစ်ချပ်လို
အရိပ်ခိုနားနိုင်တဲ့သစ်ပင်လေးတစ်ပင်လို
အမြဲစီးဆင်းနေတဲ့ရေတံခွန်လေးလို
ကမ္ဘာဦးကတည်းကရွာခဲ့တဲ့မိုးလို
မေတ္တာတရားတွေကိုစိုစွတ်ပေးခဲ့သူ
ပေးဆပ်နေခြင်းမှာပဲ..
အမြဲတမ်းပေးဆပ်သွားခဲ့သူ
သူ့ရင်ဘတ်လေးထဲမှာ..အစုန်..ဆိုတဲ့
စာလုံးလေးကိုပဲရေးထိုးထားခဲ့သူ
မပစ်ခဲ့လေဖူး
..
ဘယ်တောင်းပဲဆိုးဆိုး
ဘယ်အမေ့ရဲ့ဒုက္ခအိုးလေးပဲဆိုးဆိုး
အဖြူရောင်တစ်ရွေးသားမှမလျှော့တဲ့
အကြင်နာတွေကိုထီးလိုမိုးထားပေးခဲ့သူ
ကောင်းကင်နဲ့တူတဲ့သူ့ရင်ငွေ့လေးဟာ
မိသားစုဖတ်စာလေးအတွက်
အရာရာကို
ရင်စည်းခံပေးခဲ့သူ
ကိုခင်ဝမ်းရဲ့..အမေ
ကိုထူးအိမ်သင်ရဲ့..အမေ
…………………..
…………………..
ငါတို့အားလုံးရဲ့..အမေ..
ဘ၀မှာဘယ်တော့မှ
အစားထိုးလို့မရ
အစားပြန်မရနိုင်တော့တဲ့
အဲဒိအမည်နာမလေးကိုရေရွတ်ကြည့်တဲ့အခါ
အနိုင်းမဲ့စွာ..
ကဗျာလေးတစ်ပုဒ်လိုလှနေခဲ့တာ…
အသေအချာ..။ ။
No comments:
Post a Comment